PSM

PSM INTERNATIONAL COLLEGE

myPSM
DIGITAL CLASSROOM

myPSM ဆိုတာ 2018 ခုနှစ်တည်းက Professor Dr. Aung Tun Thet ရဲ့ အကြံပေးလမ်းညွှန်မှုကို ခံယူပြီး တည်ထောင်ခဲ့တဲ့ PSM International College ရဲ့ နိုင်ငံတကာအဆင့်မီ Digital Classroom ဖြစ်ပါတယ်။

HR, Marketing, Business, Management, Language စတဲ့ လုပ်ငန်းခွင်အသုံးချ Certificate, Diploma အတန်းများအပါအ၀င် MBA အတန်းတွေကို မြန်မာနိုင်ငံနဲ့ကမ္ဘာအနှံမှာ ရှိတဲ့ လေ့လာသူတွေ မိမိစိတ်ကြိုက် အချိန်သင်ယူလေ့လာလို့ရအောင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်...

နီးနီးဝေးဝေး ပညာရေး

myPSM Digital Classroom

https://mypsm.psm.edu.mm

သင်တန်းကြေးလွှဲဖို့အတွက်

(၁) Home page မှာရှိတဲ့ Payment ဆိုတာကို နှိပ်ပြီး ဘဏ်အကောင့်တွေရှိတဲ့ page ကို သွားနိုင်သလို (သို့မဟုတ်) ဒီ 👉 Payments ဆိုတဲ့စာသားလေးကို တိုက်ရိုက်နှိပ်လို့ရပါတယ်...

(၂) ဘဏ်အကောင့်များအတိုင်း သတ်မှတ်သင်တန်းကြေးလွှဲပြီးသား Slip (သို့) ဓါတ်ပုံရိုက်ထားတဲ့အထောက်အထားကို upload ဖြည့်ပြီး Continue ကို နှိပ်ပါ...

(၃) နာမည်၊ ဖုန်း၊ Email တွေဖြည့်ပြီး တက်တဲ့အတန်း Course ၊ ဘယ်ဘဏ်ကလွှဲတယ် ဆိုတဲ့ Payment Method နဲ့ ဘာအတွက် လွှဲတယ်ဆိုတဲ့ Payment Description တွေကို သေချာရွေးချယ်ဖြည့်ပေးပါနော်...

အတန်းအပ်တာအတွက် "Registration Fee" ၊ လစဉ်အရစ်ကျသွင်းရမယ့် Installment အတွက် "Installment" ၊ စာမေးပွဲကြေးအတွက် "Exam Fee" ၊ သင်တန်းဆင်းလက်မှတ်အတွက် "Certificate Fee" စသဖြင့် တက်မယ့်အတန်းပေါ်မူတည်ပြီး ပေးရမယ့် သင်တန်းကြေးတွေ သေချာရွေးချယ်ပြီး Finish ကိုနှိပ်ပေးပါ။

အတန်းတစ်ခုချင်းရဲ့ ကြော်ငြာပေါ်မူတည်ပြီး Installment, Exam Fee, Certificate Fee ပေးစရာမလိုတဲ့ အတန်းတွေရှိပါတယ်..

(၄) ဖြည့်စရာအားလုံးပြီးလို့ Finish ကို နှိပ်ပြီးပါက "We received your payment slip. We will contact you soon." လို့ပေါ်လာရင် ငွေလွှဲ Slip/ Screnshot ကျောင်းဘက်ကို ရောက်ရှိတာဖြစ်ပြီး ကျောင်းဘက်က ဖုန်းနဲ့ဆက်သွယ်လာတာကို စောင့်ပေးပါနော်..

(၅) မိမိတက်ချင်တဲ့ အတန်းတစ်ခုချင်းမှာလည်း Enroll Here ဆိုတဲ့ ခလုပ်လေးတွေကိုနှိပ်ပြီး အပေါ်ကပြောထားတဲ့အတိုင်း Payment တွေပေးလို့ရပါတယ်...

(၆) အဆင်မပြေတာတစ်ခုခုရှိခဲ့ရင်လည်း 09764167705 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်နော်...

မိမိတက်တဲ့အတန်းပေါ်မူတည်ပြီး လိုအပ်တဲ့ စာအုပ်တို့ Slides, Excel file နဲ့ သင်ထောက်ကူ တို့ကို Download ဆွဲလို့ရအောင် တခါတည်းတင်ပေးထားပါတယ်..

Diploma အတန်းအားလုံးအတွက် Diploma လက်မှတ်ရဖို့ စာမေးပွဲမဖြစ်မနေဖြေရမှာဖြစ်ပြီး အောင်မှသာ Diploma လက်မှတ်ရရှိမှာဖြစ်ပါတယ်... နိုင်ငံခြားလက်မှတ်မယူလည်း စာမေးပွဲဖြေမှသာ လက်မှတ်ရရှိမှာဖြစ်ပါတယ်...

ရက်တိုသင်တန်းတွေနဲ့ Certificate တန်းအများစုကတော့ စာမေးပွဲဖြေစရာမလိုဘဲ သင်တန်းဆင်းလက်မှတ် Certificate ရရှိမှာဖြစ်ပါတယ်...

လက်မှတ်ကို သက်ဆိုင်ရာ Course ထဲမှာပဲ Download ဆွဲယူလို့ရပါတယ်...

Exam ဖြေရမယ့် Diploma အတန်းတွေအတွက် Multiple Choice Questions (MCQ) နဲ့ ဖြေရမှာဖြစ်ပြီး မေးခွန်း အခုရေ (၅၀) ဖြေရမှာဖြစ်ပါတယ်...

မေးခွန်း (၁) ခုအတွက် (၂) မှတ်နဲ့ အမှတ် (၁၀၀) ဖိုးမေးမှာ ဖြစ်ပြီး အောင်မှတ်က (၅၀) မှတ်ဖြစ်ပါတယ်...

မိမိရဲ့ သင်ယူနိုင်စွမ်းပေါ်မူတည်ပြီး တပြိုင်နက်တည်း အတန်းကြိုက်သလောက် တက်လို့ရပါတယ်...

မိမိရဲ့ သင်ယူနိုင်စွမ်းနဲ့ အချိန်ပေးနိုင်တဲ့အပေါ်မူတည်ပြီး Certificate အတန်းတွေကတော့ အများအားဖြင့် ၅ ရက်ကနေ ၁၅ ရက်လောက်အထိကြာနိုင်ပါတယ်...

Diploma အတန်းတွေကတော့ အများအားဖြင့် ၁ လကနေ ၅ လလောက်အထိကြာနိုင်ပါတယ်...

Master/ MBA အတန်းတွေကတော့အများအားဖြင့် ၁ နှစ်ကနေ ၁ နှစ်ခွဲလောက်အထိကြာနိုင်ပါတယ်...

myPSM မှာ လေ့လာရင်

  • Quality တကယ်ကောင်းတယ်..
  • စာတွေ့ + လက်တွေ့ ဆိုတာ အပြောမဟုတ်၊ တကယ်သင်တယ်..
  • စျေးနှုန်းသင့်တင့်တယ် (စျေးတော့မပေါပါ)
  • ပံ့ပိုးမှုကောင်းတယ်..
  • လုပ်ငန်းခွင်တွေ အသိမှတ်ပြုတာများတယ်..

Certificate အတန်းအများစုက မိမိစိတ်ကြိုက် အားတဲ့အချိန်မှ Self Paced Learning အဖြစ် Video Lecture တွေနဲ့ လေ့လာရတာဖြစ်ပေမဲ့ အတန်းပေါ်မူတည်ပြီး Live Session ရှိတဲ့အတန်းတွေရှိပါတယ်...

လစဉ်လတိုင်း အတန်းသစ်တွေဖွင့်ပေးပါတယ်...

တချို့အတန်းတွေက ခုအပ်ခုတက်လို့ရပါတယ်..

အသေးစိပ်ကိုတော့ စိတ်ဝင်စားတဲ့အတန်းရဲ့

See More မှာ ဝင်ကြည့်လို့ရပါတယ်နော်...

တက်တဲ့အတန်းအလိုက် လက်မှတ်ပေးအပ်ချီးမြှင့်တဲ့ UK, US, Swiss, French စတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်/ အဖွဲ့အစည်းတွေက

ကွာခြားမှုရှိပါတယ်...